{"movies":[
{"title":"ဆပ်ပြာcreamပြုလုပ်နည်း
",
"desc":"
ဆပ်ပြာcreamပြုလုပ်နည်း
======
ပါဝင်ပစ္စည်း
======
၁. ကော်ဇလားတစ်လုံး
(ဆပ်ပြာခရင်ပြုလုပ်ဖို့အတွက်ပါ)
၂.ေ၇ သန့် တစ်လီတာ
(ေ၇သန့်ဗူးခွန်ထဲေ၇ဖြည့်ထားပါ။ေ၇သန့်၁လီတာဗူးသည်ေ၇တစ်လီတာ တွက်ရလွယ်လို့ပါ)
၃. ယောင်းမ သို့မဟုတ် သစ်သားတုတ်တစ်ချောင်း
သို့မဟုတ် စက်နဲ့မွှေလဲရပါတယ်။
( ပေါင်းစပ်မွှေဖို့ပါ)
၎. Process ပြုလုပ်ဖို့အတွက် လက်အိတ်
(.save ဖြစ်မည့်ပစ္စည်းတွေ နဲ့ အသုံးပြုတက်တဲ့အကျင့်လေးရှိတာတော့အကောင်ဆုံးပါ)
၅. ဆပ်ပြာခရင် တစ်ဖုံ..
(ဆပ်ပြာခရင်မ်တစ်ဖုံဆိုတာ တစ်ခါပြုလုပ်စာကို ခေါ်တာပါ။
ကယ်မီကယ်ဆိုင်တွေမှာမေးဝယ်ပါ.ဘယ်ဆိုင်လဲလိုမေးရင်.၇န်ကုန်၂၇လမ်းမှာဓာတုကုန်ကြမ်းအတန်းလိုက်ရှိတယ်..ရှာဝယ်ပါ..မန်းလေးကတော့ ဈေးချိုမှာဆိုးဆေးတစ်ဆိုင်တော့ရှိတယ်လို့သိ၇ပါတယ်..နေ၇ာတော့ကျမမသိပါ..မိမိနှင့်နီးစပ်၇ာဝယ်ပါနော်..အကယ်၍ ဓာတုကုန်ကြမ်းဝယ်ယူ၍မရသော နယ်များအတွက် ကျမဆီက မှာယူလျှင် ကားဂိတ်အထိတာဝန်ခံပြီး ပို့ဆောင်ပေးပါတယ်.)
ဆပ်ပြာခရင်တစ်ဖုံမှာ ပါဝင်တဲ့အချိုးစားတွေကတော့ ..
၁. LABS =1 KG
၂.LAS = 3 KG
၃.ဆီလီကိတ် =1lb
၎. အေ၇ာင်အပြာ အထုတ်လေး
၅. အနံ့= 1oz .ဖြစ်ပါတယ် ။
ကယ်မီကယ်အခေါ်ဝေါ်တွေနားမလည်လို့ အားငယ်စရာလဲမလိုပါ..အစိမ်းသက်သက် ဖြစ်နေလို့ပါ။
ဒါပေမဲ့အခေါ်ဝေါ်မတက်လဲ ဆပ်ပြာခရင်မ်
ပြုလုပ်လို့၇တယ်နော်..
=====
ပြုလုပ်ပုံ
=====
၁. ဇလားထဲကို ရေသန့် ၁လီတာထည့်လိုက်ပါ။
၂. ရေသန့် ၁လီတာထည့်ထားသောဇလားထဲသို့( နံပါတ်၁ ဖြစ်တဲ့ LABS 1kg) ကိုထည့်ပြီး ကြေအောင်တစ်ဘက်သတ်တည်း မိနစ် ၃၀မွှေပါ..။ LABS ကအရမ်းပူလို့ လက်အိတ်နဲ့သုံးရမယ်နော်။
၃. မိနစ်၃၀မွှေပြီးလျင် (နံပါတ်၂ဖြစ်တဲ့ LAS 3kg )ကိုထည့်ရမှာပါ။ ထည့်တဲ့အခါ အကုန်လောင်းမထည့်ရပါဘူး။ နဲနဲစီလက်နှင့်ယူထည့်၇မှာပါ့..တခါတည်းအများကြီးထည့်လို့မရပါ.. ကြေအားမရှိ၇င် ခရင်မဖြစ်ပဲ မာခဲခဲကြီးဖြစ်တက်ပါတယ်)
အားစိုက်၍ လက်တစ်ခုပ်ထည့်လိုက် ၅မိနစ်ေ်မွှလိုက်နှင့်
တစ်ထုတ်လုံးကုန်တဲ့အထိ နဲနဲစီထည့်ပြီးသမအောင်မွှေပါ ။
၎. ပြီးလျင် (နံပါတ်စဉ် ၃ဖြစ်တဲ့ ဆီလီကိတ်တစ်ပေါင်)်ကို ထည့်ပြိီးအားစိုက်၍ အကြိမ်ရေများစွာ ၁၅မိနစ်ခန့်မွှေပါ။ဆီလီကိတ်ကို တချို့ ကခိုပြီး အချိုးအစားမပြည့်တဲ့အခါ မှာ နဲသွားရင် ဆပ်ပြာခရင်က ကျောက်ခဲလိုမာတောင့်သွားမှာနော်.. အကယ်၍ ကျန်တဲ့ပါဝင်ပစ္စည်းတွေ ခိုထားပြီး ဆီလီကိတ် အချိုးများနေပြန်၇င်လည်း ဆပ်ပြာခရင်ကပျော့စိ သွားလိမ့်မှာပါ...သတိထားစေချင်လို့အသေးစိတ်ပြောပြပေးတာပါ။
၅. စီးပိုင်ပြီးခရင်သားတက်လာပြီဆို၇င် အေ၇ာင်အပြာထုတ်လေးထည့်ပါ။ မထည့်လဲရပါတယ် ။
၆. ဆပ်ပြာခရင်မ်သားဖြစ်ပီဆို အနံ့ထည့်မွှေပါ ။
အနံ့မထည့်လဲရ၊ထည့်လဲရပါတယ်နော်။
နာနာမွှေမှ ကြေညက်သောဆပ်ပြာခရင်မ်သားရပါမယ်နော်
တညသိပ်ပီးမှလက်ဖြင့်ထိတွေ့ကိုင်တွယ်အသုံးပြုပါနော်။
ကျတော်အသေးစိတ်သေချာရေးပေးထားပါတယ်။
နားမလည်သောမိတ်ဆွေတွေပြုလုပ်ရလွယ်ကူဖို့အတွက်ပါ။
ဆိုင်တွေကအညွန်းပေးရင် ၁.၂.၃.၄. ရော.. အဲလောက်ပဲပါတာပါ။
အသေးစိတ်ပြုလုပ်ပွုံမည်သူမျှ မပြောပြပေးပါ။
အလွယ်တကူပြုလုပ် အဆင်ပြေကြပါစေ ။
နားမလည်တဲ့ အခြေအနေရှိရင်ကျတော်ကို အားမနာပဲမေးနိုင်ပါတယ်...
(AMM Home Made Group - A)
Credit;သင်ဆရာများ, Video
😁😁😁😁
",
"link":"7550300848628
",
"image":"
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVBdc2MAJw1Yjc4V_bEinQKWQIIYF9S2eaSW2lV5EJqKIkETsZgYmRFHXJBZbKGtrVxEv51msKpJ1ywE-EJqFSXmk7WZgyCK_2bBRVAq9d07BGZEFQKaTuoAc1A3lNEkqLVnXdhbh1HLc/s1600/FB_IMG_1547559404103.jpg
"}]}
No comments:
Post a Comment