Monday, January 14, 2019

Home3

{"movies":[
{"title":"ဖ​ယောင်းအလှခဲလုပ်​နည်း 9
",
"desc":"ဖ​ယောင်းအလှခဲလုပ်​နည်း

===========
လိုအပ်​​သောပစ္စည်း
-----------------------

1- ဖ​ယောင်းကြမ်း

 ( မိမိပြုလုပ်မည့်မိုလ် အရေတွက်နှင့် ချိန်ပြီး ၂၅/၅၀/ကျပ်သား၊၁ပိသာ စသဖြင့် )

2- မီးစာကြိုး

( မိမိပြုလုပ်မည့်ဖယောင်းနဲ့ မှန်းပြီး ၁လက်မ၊၂လက်မ၊၃လက်မ အဆင်ပြေသလိုဖြတ်ထားပါ။ ဖြတ်ပြီးသားလေးတွေလဲရောင်းတယ်၊်အလွယ်တကူဝယ်လို့ရနိုင်တယ်)

3- အ​ရောင်​မှုန့်

(အရောင်မှုန့်ဆိုတာက ဆပ်ပြာဆီတွေ၊ဆပ်ပြာခဲတွေ၊အခြားေ စားသုံးကုန်ကြမ်းတွေမှာအသုံးပြုတဲ့ အရောင်မှုန့်သုံးလို့မရပါဘူး ၊ ဆီမှာဖျော်ရတဲ့ အရောင်မှုန့်ဖြစ်ပါတယ်၊အနုမြူနဲ့၊ရိုးရိုဆိုပြီး ၂မျိုးရှိတယ်။ ဓာတုကုန်ကြမ်းဆိုင်တွေမှာမေးဝယ်လ်ို့ရပါတယ်။)

4- အနံ့မှုန့်

( နှစ်သက်ရာရနံ့လေးတွေ အသုံးပြုလို့ရပါတယ်၊ ၁အောင်စဗူးလေးတွေဓာတုကုန်ကြမ်းဆိုင်တွေမှာဝယ်ယုလို့ရပါတယ်)

5- မိုလ်​ခွက်
(မိုလ် ပုံလောင်းခွက်က အဓိက ပုံဖော်ပစ္စည်းဖြစ်ပါတယ်။ဆိလီကွန်နဲ့ပြုလုပ်ထားတဲ့ပုံလောင်းကတ်လေးဖြစ်ပါတယ်။
နိုင်ငံခြားမှာတော့ ဖန်ခွက်၊ကြွေခွက်၊သံခွက်လေးတွေနဲ့ ပြုလုပ်ကြပါတယ်။ )

6- စတီးအိုးတစ်လုံး

(ဖယောင်းကျိုဖို့ပါ နော် ၊ မိမိနှစ်သက်ရာပေါ့ )

7- စတီးခွက်တစ်လုံး

(စတီးခွက်က ကျိုပြီးသားဖယောင်းကို လောင်းထည့်ပြီး  colour creation လုပ်ဖို့ပါ။ သဘောက အရောင်အနံ့ မိမိဖန်တီးချင်သလိုစပ်ဖို့၊မွှေဖို့အတွက်ပါ )

=====
ပြုလုပ်ပုံ
----------

1-. ဖယောင်းကျိုရပါမယ်နော၊်
 ဖယောင်းကျိုတဲ့နည်းလမ်း၂မျိုးရှိတယ်။

(1- ဖယောင်းကြမ်းကိုအိုးထဲထည့်ပြီးကျိုတဲ့နည်းလမ်းရယ်၊

2-အိုးထဲရေထည့်ပြီး အလယ်မှာ ဖယောင်းကြမ်းထည့်ထားတဲ့ စတီးခွက်ကိုထည့် ပြီး ရေနွေးငွေ့နဲ့ဖယောင်းပျော်တဲ့အထိ ပေါင်းတဲ့နည်းရယ်

ဆိုပြီး2မျိုးရှိပါတယ် )

ဘယ်နည်းနဲ့ကျိုကျို ဖ​ယောင်းကို အိုးအသန့်​နဲ့ကျိုပြီးဆူပွက်လာပြီဆိုရပြီ နော်။

2 . ဆူလာရင် လိုသ​လောက်ဖြတ်ထားတဲ့​​မီးစာကြိုးတွေကို
ဆူနေတဲ့ဖယောင်းအိုးထဲ၅စက္ကန့်လောက်ထည့်ပါခဏပဲနော်။

 ပြီးရင်​ပြန်​ဆယ်​ပြီးအ​အေးခံပါ ။သဘောကတော့မီးစာကြိုးလေးတွေ ​မာတောင့်​သွား​ဖို့ပါ)

3. ၊ပြီးရင် စတီးခွက်အလွတ်ထဲကိဲု ဆူ​နေတဲ့ဖ​ယောင်းအရည်လောင်းထည့်​ ပါ။

4. ဖယောင်းရည်ထဲသို့ မိမိကြိုက်​နှစ်​သက်​ရာ အ​ရောင်​မှုန့်​ထည့်​ ၊ အနံ့ရည်ထည့်ပြီးခဏမွှေပါ။မိမိစိတ်ကြိုက် colour creationလုပ်နိုင်ပါတယ်နော်။

5. ပြီးရင်ဲ့ မိုလ်​ခွက်​ထဲလောင်းထည့်ပါ။
(မိုလ်ခွက်လေးကို ​အောက်ခံအနေနဲ့ရေထည့်ထားတဲ့ဗန်းထဲ ထည့်ထားလို့ရတယ်နော်။သဘောကတော့အအေးခံတဲ့သဘော ပါနော်။်​ မိုလ်​ခွက်​ထဲ​တော့ရေဝင်​လို့မရပါဘူး )

6. မိုလ်​ထဲမှာဖ​ယောင်းရဲ့​ဘေးနား​လေး​တွေတင်းလာပြီဆို
ထုတ်​လို့ရပါပြီ။(မာတောင့်အေးခဲသွားအောင်မထားရဘူးနော်။မီးစာထည့်ရဦးမှာမို့ပါ။)

7. ထုတ်​ထားတဲ့ဖ​ယောင်းအလှလေးတွေကို  အအေးခံထားပြီးသား မီးစာကြိုး​တောင့်​​တောင့်​​လေးတွေကို အလယ်တည့်တည့်ကနေ ထိုးထည့်​ပါ။
အောက်​ဘက်​ကိုမ​ပေါက်​သွား​အောင်​ လက်​ညိုး​လေးနဲ့​တော့ထိန်း​ပါ ၊်​ မီ်း​စာကြိုးရှည်နေရင် လိုသလောက်ထားပြီးဖြတ်​​ပါ။ တချို့က မီးစာကြိုးကို အဆင်​သင့်​ဖြတ်​ထားကြတယ်​၊ ဆိုင်မှာဖြတ်ပြီးသားလေးတွေလဲရောင်းတယ်။
 အဆင်​​ပြေသလိုလုပ်​လို့ရပါတယ်။

ကျတော် အလွယ်ဆုံးနည်းလမ်းကို လမ်းညွန်ပေးတာပါ။
မသိတာရှိလဲမေးပါနော်။
အောက်မှာ ပုံလေးတွေ ပြထားပါတယ်။

စီးပွားဖြစ်ဆို ကုန်ကြမ်များရောင်ပေးပါတယ်နော်။
အသေးစိပ် Cb ကမေးပါနော်။

နားမလည်​တဲ့ အ​ခြေအ​နေရှိရင်​ကျတော်ကို အားမနာပဲ​မေးနိုင်​ပါတယ်​​...

(AMM Home Made Group - A)

Credit;သင်ဆရာများ, Video

😁😁😁😁
",
"link":"7550300848628
",
"image":"
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRj0UFepwoV-BsHneKtGeceRIXClwKG5C2br7ehvM2o0RERojGBbpx2R-Yrax4Hj5CzwzdW8X51JK9g_OCPEOBGpiC4TY9x_VSmxHTgrU3ygb0fFw-RScBgHpg8hTO8DjRkvac9Qy8kI0/s1600/FB_IMG_1547481963579.jpg
"}]}

No comments:

Post a Comment