Saturday, January 12, 2019
Home2
{"movies":[
{"title":"မုန်​လာဥမုန့်​ ပြုလုပ်ပုံ
",
"desc":"
မုန်​လာဥမုန့်
========
********
ပါဝင်​ပစ္စည်း
********
၁။မုန်​လာဥအဖြူ ၃၀ ကျပ်​သား
( အခွံ မနွှာခင်​)
၂။ဆန်​ အစိမ်းမှုန့်​ ၂၀ ကျပ်​သား
၃။ဆီ ၁၅ကျပ်​သား
၎။ရေ ၂၀၀ မီလီလီတာ နှင့်
ထမင်းစားဇွန်း ၅ဇွန်း
၅။ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း
၆။ဟင်းခတ်​မှုန့်​ လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း
၇။ပုစွန်​​ခြောက်​မှုန့်​ ထမင်းစားဇွန်း
 တစ်​ဇွန်း
 (သက်​သက်​လွတ်​ဆို မထည့်​လဲရ)
၈။ကော်​မှုန့်​ ထမင်းစားဇွန်း ၅ဇွန်း
*******
ပြုလုပ်ပုံ
*******
၁။
 မုန်လာဥကို အခွံ ကို ပါးပါးလွှာ
 အတုံး​လေး​တွေတုံးထားပြီး
( ရှတတ အရသာ ​ပျောက်​​အောင်​ပါ)
၂။ပြုတ်​ထားတဲ့ မုန်​လာဥ ​တွေကို
 ကြိတ်​စက်​ထဲ ထည့်​ကြိတ်​ပါ။
၃။
ကြိတ်​ထားတဲ့ အထဲကို
ဆန်​အစိမ်းမှုန့်​ ၂၀ ကျပ်​သားကို
ဇကာချထည့်
( အလုံးအခဲ​တွေ မဖြစ်​​အောင်​)
ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း ၊ဟင်းခတ်​မှုန့်​ လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း ၊
ပုစွန်​​ခြောက်​မှုန့်​ ထမင်းစားဇွန်း တစ်​ဇွန်း ၊
တစ်​ဇွန်း ချင်းစီ ထည့်​ပြီ
မုန့်​သားသမသွား​အောင်​ ​မွှေ​ပေးပါ။
၎။ မုန့်​နှစ်​ရရင်​​တော့ စတီးချိုင့်
သို့မဟုတ်​ အပူခံတဲ့ခွက်​တစ်​ခုကို
ဆီ သုတ်​ မုန်​နှစ်​ထည့်​ပြီး
၂ထပ်​​ပေါင်းအိုးထဲမှာ နာရီဝက်
မုန့်​နှစ်​ကျက်​မကျက်
သွားကြားထိုးတံနဲ့ ထိုးကြည့်​လို့
မုန့်​နှစ်​ကပ်​ပါမလာရင်​ ရပါပြီ။
၅။
အ​အေးခံပြီး နှစ်​သက်​ရာ ပုံစံ လှီးပြီး
 ဆီ ၁၅ကျပ်​သား နဲ့ မီး​အေး​အေးနဲ့
စိတ်​ရှည်​ရှည်​ ​ကြော်​ပါမယ်
၆။
နီ​ရောင်​သမ်းလာရင်​​တော့
ဆယ်​ယူ ဆီစစ်​ပြီး အချဉ်​ရည်​ နဲ့
သုံး​ဆောင်​နိုင်​ပါပြီ။
*************
အချဉ်​ရည်​ လုပ်​နည်း
*************
၁။
ထန်းညက်​ ၅လုံး​လောက်​ကို
၂။
မန်​ကျည်းသီးမှည့်​ ကွမ်းသီးလုံးခန့်
၃။
ကြက်​သွန်​ဖြူ ၅တက်​ခန့်
ညက်​ညက်​​ထောင်းထားပါ။
၎။
ငရုတ်​ဆီ chilli sauce
လက်​ဖက်​ရည်​ပန်းကန်​လုံးတစ်​လုံးစာ
ယူထားပါ။
၅။
အချဉ်​ရည်​​ဖျော်​ဖို့ သဲစစ်​ထားတဲ့
ထန်းညက်​ ရည်​ ၊
မန်​ကျည်းမှည့်​ရည်​၊
ငရုတ်​ဆီ၊
ဆား လက်​ဖက်​ရည်​ဇွန်း
 အရသာစိတ်​ကြိုက်​ပြင်​ပါ။
 ပြီးမှ နံနံပင်​ ၊ငရုတ်​သီးစိမ်း
ညှပ်​ထည့်​ပါ။
ကျွန်တော်တို့ ဘားအံ ​မော်​လမြိုင်​ ဖက်​မှာ
မုန်​လာဥမုန့်​ ​လေးပါ။
ပုံထဲမှာ မ​ကြော်​ရ​သေးတဲ့
 ပြထားပါတယ်​။
အားလုံးပဲ စား​ကောင်းကြပါ​စေ။
(AMM Home Made Group - A)
Credit;သင်ဆရာများ, Video
😁😁😁😁
",
"link":"75503008486288
",
"image":"
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYU_EJtbthpSr4uONjcKLnIlv6wzNIWqWNJj4X5b43Z3yVdg2iBeeFbV7r4s7s5msgSHdKLCGx2q9vM4W27MlonaEyvW_MS-MVJp2UnYx1v9sGm2Unl2vBwsmu5mTZOqOpOmliErGF4F0/s1600/FB_IMG_1547297957793.jpg
"}]}
No comments:
Post a Comment