Thursday, December 6, 2018

ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ (စာရေးသူ - ဝေနှင်းဖြူ )

{"movies":[{"title":"ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ (အပိုင်း ၁) ","link":" ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏

 အပိုင်း (၁)

''ဝုန်း. . . .ဒုန်း. . . .ခလွမ်း. . 

''အား. . . . . . 

ကျယ်လောင်သော အသံများ ရူပ်ထွေးသည့် လမ်းမပေါ်မှာသွေးသံရဲရဲနှင့် လဲကျနေသည့် မိန်းကလေးတစ်ယောက်. . . .

''ကား ကို ဆိုင်ကယ် က ဝင် တိုက်သွားတာ. . 

''လုပ်ကြပါဦးဟ. . . သွားထူကြပါဦး. . .

''ကလေးမလေး . .  .ကလေးမလေး. . . 

''ဆေးရုံကားခေါ်ကြပါဦး. . . . 

သွေးသံ တရဲရဲဖြင့်လဲကျနေသည့်မိန်းကလေးဘေးမှာအပြေးအလွား ရောက်လာသည့် လူများ အော် ခေါ်ပြောဆိုသံတွေ ဆူညံလျှက်ရှိသည် ။လဲကျနေသည့်မိန်းကလေး  က အသက်ပင် မ ရူတော့ ။ ကားသမားကလဲဆိုင်ကယ်ကားအောက်ဝင်သွားသည့်အရှိန်ကြောင့် ကားက လမ်းဘေး ထိုးကျ ပြီး သတိလစ်နေပြီဖြစ်သည် ။

''မိန်းကလေး . ,မိန်းကလေး. .  သတိထားပါဦး. . . .

''ပီး. . ပေါ် . . . . ပီး. . . ပေါ်. . .

မကြာခင်ဆေးရုံကားတွေရောက်လာသည့်အချိန်မှာတော့  သေသွားခဲ့ပြီဖြစ်သည်။ဆေးရုံမှာ ဘယ်လို နှလုံးခုန်အောင်ပြန်လူပ်ပေမယ့် မရတော့ ။

''အောင်မလေး အဖြစ်ဆိုးလှချဉ်လား သမီးလေးရဲ့. . . .

''သမီးလေး. . .အီး. .ဟီး. . ဟီး. . . သမီး. . .

မိဘတွေရဲ့ ရင်ကွဲပတ်လပ် ငိုယိုသံများ ဆေးရုံ တစ်ခုလုံးပြန့်လွင့်လျှက်။ ဆရာဝန်တွေသူနာပြုတွေရဲ့ ဖေးမ ပြောဆိုသံများ လူအများရဲ့  သနားကြင်နာသည့်အကြည့် များ ငယ်ရွယ်ချောမောသည့် မိန်းကလေးအတွက် ယူကျူံးမရစွာ. . . .

''အမေတို့ မှားသွားပြီ. . . .သမီးကို ချစ်လွန်းလို့အလိုလိုက်မိတာ သေဖို့လမ်းကိုတွန်းပိုမိပါလား .'.သမီးလေးရဲ့. . . .

အရူးပမာ သမီးရဲ့အလောင်းကို ဖတ်ငိုနေသည့် မိခင် ။
အသားတွေတုန်ရင်လျှက် မျက်ဝန်းအိမ်မှာမျက်ရည်တွေအပြည့် ။

''သမီး. . သမီးလေး.   . . . . . .အဖြစ်ဆိုးလိုက်တာ သမီးရယ်. . . .

ငိုနေ ရုံမှ တစ်ပါး ဘာမှမတက်နိုင်တော့ ။

''သေ . . သေ. . သွားပြီတဲ့. . .

''ဟုတ်ရဲ့လား. .  . . .
မဖြစ်နိုင်ဘူး မို့လား. . . .

''တကယ်သေသွားတာ ပွဲချင်းပြီးပဲ. . . .
ဆိုင်ကယ်က ကားအောက်ကို ဝင်သွားပြီး လူကလဲလွင့်ထွက်သွားတာ. . . .

''ဒါဆိုတကယ်ကြီးပေါ့. . .
သူက မင်းသစ်နိဒါန်း နဲ့ စေ့စပ်ထားတာဆို. . .

''ပြောနေ သားပဲ အဲ့ ကောင်လေး နဲ့ လက်ထပ်ဖို့မဖြစ်နိုင်ပါဘူးဆိုတာကို   . . 

''သူမှမယုံတာ  မယုံကြည်ဘူးလေ. . . . . .
ပြီးတော့ သူတို့က ငယ်သူငယ်ချင်းတွေတဲ့. . .

''ဒီကောင်လေးနဲ့ပတ်သတ်တဲ့ မိန်းကလေးတိုင်း ကံမကောင်းကြဘူး. . . .. . . .

''  မင်းသစ်နိဒါန်း ဆိုတာ  မိန်းကလေးတွေအတွက်  တကယ့် နတ်ဆိုးပဲ. . .

''သူက ပြူစားတက်တယ်. . . .
ကောင်မလေးတွေအမှားမဟုတ်ဘူး . . .
သူက မိန်းကလေးတွေကို ပြူစားပြီး သတ်ပြစ်နေတာ. . . .

''သူက လူသတ်သမားပဲ. . .
ဘယ် နှစ်ယောက်ရှိပြီလဲ သူ့ကြောင့် သေသွားတာ. . . .
အခြားသူမပြောနဲ့ သူ့အမေ သေတာကိုပဲကြည့်. . .

''ဟုတ်တယ် သူက လူသတ်သမားပဲ. . . .

''တကယ်ဆို သူ မိန်းကလေးတွေနဲ့ မပတ်သတ်သင့်ဘူး . . . . . . . .

နားထဲမှာ ကြားယောင်ဆဲ စကားသံများ. . .
အချိန်တွေ ကုန်လွန်သွားခဲ့ပေမယ့် မမေ့နိုင်သည့်နေ့ရက်များ . . . .

နိဒါန်း ကားမောင်းရင်း ခပ်ဆွေးဆွေး အပြင်ကို ငေးကြည့်နေမိသည် ။ ပြီးတော့ မျက်ဝန်းထဲမှာ မြင်ယောင်လာသည့်မျက်နှာလေး ။
ရယ်လိုက်တိုင်း ရင်အေးစေသည့် မိန်းကလေး တစ်ယောက်ရဲ့မျက်နှာ ။
ဒါပေမယ့် နိဒါန်းကတော့ ထိုမျက်နှာလေးကို မြင်ယောင်လိုက်တာနှင့် သူ့ရဲ့မျက်နှာက ခတ်ထန်သွားသည် ။မျက်ဝန်းတွေ လဲ  ညို့မိုင်းသွားသည်။

                 မင်းသစ်နိဒါန်း . . . . .      အသားဖြူဖြူအရပ်ရှည်ရှည်
ကြည့်ကောင်းတဲ့ ခန္ဒာကိုယ် နဲ့ လိုက်ဖတ်စွာ မျက်ခုံး ထူထူ မျက်လုံးမျက်ဖန်လှလှ ယောင်္ကျား ပီသ သည့်ချောမောပုံနှင့် မင်းသစ် နိဒါန်း က ယခု အသက် ၃၀ နီးပါးပေမယ့် အသက် ထက် ထက်ဝက်မျှငယ်ရွှယ် သယောင်ထင်ရသည်  . . . . . .

       တောင်ကြီးမြို့ရဲ့ ထိပ်တန်း လူချမ်းသာ စာရင်းဝင် . . . . ဘိုးဘွားစဉ်ဆက် ချမ်းသာသည့် နိဒါန်း တို့ မိသားစုတွေမှာ နိဒါန်းလက်ထက်ရောက်တော့လဲ စီးပွားရေးပိုမိုတိုးတက်လာပြီး ပိုမို ချမ်းသာလာခဲ့သည် ။
ငယ်စဉ်ထဲက လိုတရ ဘဝမျိုးနေထိုင်ခဲ့ရသည် ။
တစ်ဦးထဲသောသား . . . .  ' စံမြန်းရာ ' စံအိမ်ရဲ့  အမွှေ ဆက်ခံသူ အရှင် သခင် . . . .  .. . .လုပ်ငန်းတွေ မြေရာတွေ လက်ညိုးထိုးမလွဲအောင် ချမ်းသာသည့် နိဒါန်း မှာ ကံကောင်းသည် ဟု  မဆိုနိုင် ။
ငွေကြေး ချမ်းသာရုံသာ ဖြစ်သည် ။
နိဒါန်း ကို မွေး ပြီးပြီး ချင်း မီးတွင်းထဲမှာပဲ  မိခင်ဆုံးပါးသွားခဲ့သည် ။ အမေဆိုတာ မျက်နှာပင်မမြင်လိုက်ရ ။ အားလုံးကလဲ မင်းအမေ သေတာ မင်းကြောင့်ဆိုပြီးပြောကြသည် ။
ဟုတ်လဲ ဟုတ်သည်ပဲလေ ။သူ့ ကို ခတ်ခတ်ခဲခဲ မွေးပြီး အသက်ချင်းလဲပေးခဲ့တာ  ။ ဖခင် ဖြစ်သူကတော့ မကြာခင်ကပဲ အသက်ကြီး သဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။    နိဒါန်း က ကံကြမ္မာ ဆိုးနဲ့ မွေးဖွားလာခဲ့တာပင် ။ နိဒါန်းနှင့် ပတ်သတ်မိသည့်မိန်းကလေးတိုင်း ဒုက္ခရောက်တက်သည် ။ငယ်စဉ်ထဲက မိန်ကလေးသူငယ်ချင်းလဲမရှိ ။ယောင်္ကျားလေးသူငယ်ချင်းတွေရှိခဲ့ဖူးပေမယ့် ယခုတော့ အားလုံးသူ့ကိုစွန့်ခွာသွားကြပြီဖြစ်သည် ။ အာစလုံးစွန့်ခွာသွားခဲ့တာက တေးနုယဉ် ဆုံးပြီးသည့်အချိန်မှာပေါ့ ။ တေးနုယဉ် ဆိုသည့် သူငယ်ချင်းကို ဆုံးရူံး လိုက်ရသည့်အချိန်မှာပဲ အားလုံးသော နိဒါန်းရဲ့ သူငယ်ချင်းတွေကလဲ သူ့ကိုစွန့်ခွာသွားခဲ့ကြသည် ။
ထိုအချိန်ကစပြီး လူတွေနဲ့ ဝေးသည်ထက်ဝေးရာ မှာ သူနေချင်ခဲ့သည် ။ နိဒါန်းကိုမြင်သည့် မိန်းကလေး တိုင်းက  သူ့ကို စွဲလမ်းနှစ်သက်သွားကြသည် ။ ငယ်စဉ်က သတိ မထားမိပေမယ့် တက္က သိုလ်တက်နေသည့် အချိန်မှာ သတိထားမိလာခဲ့သည် ။ ချောလို့ ဝိုင်းဝိုင်းလည်နေသည်ဆိုတာထက်ကို  နိဒါန်းကို သေချာမြင်ဖူးသည့်မိန်းကလေးတိုင်းက မမေ့နိုင်ပဲ တမ်းတမ်းဆွဲဖြစ်သွားတက်သည် ။ ကြာတော့ နိဒါန်းသတိထားမိပြီး လန့်လာသည် ။ အမြဲတမ်း Mask တစ်ခုကို အသုံးပြုပြီး  ဘွဲ့ရသည် အထိ အချိန်ကုန်ဆုံးခဲ့ရသည် ။ နိဒါန်း ကို ချစ်ကြိုက် မိသည့်မိန်းကလေးအတော်များများ တစ်ခုခု အခတ်အခဲကြုံရစမြဲ . . . . .  နိ ဒါန်းက ဖော်ရွှေပြီး ခင်မင်တက်တော့ အစပိုင်းမှာ  သူ့ဘေးမှာ မိန်းမလှလေးတွေ အမြဲရှိနေတက်သည် ။
ဒါပေမယ့် အဲ့ ဒီမိန်းကလေးတွေ အကြာကြီး သူ့နားမှာမရှိနိုင်ခဲ့ ။ သူ သဘောကျလို့တွဲလိုက်သည့် မိန်းကလေးတိုင်း ဒုက္ခရောက်သည် ။
ဘွဲရလို့ ဖခင် သဘောတူသည့် မိန်းကလေးနှင့် လက်ထပ် ဖု့ဆုံးဖြတ်တော့လဲ ထိုမိန်းကလေးက သေဆုံးခဲ့သည် ။
တစ်ကြိမ် သေဆုံးမူ သတိမထားမိသေး တိုက်ဆိုင်မူနဲ့ ကံကြမ္မာကြောင့် ဟုတွေး ပြီး ဒုတိယအကြိမ် စေ့စပ်ပေးခဲ့သည် ။ဒါပေမယ့် လက်ထပ်ပွဲ မတိုင်ခင်မှာပဲ သေဆုံးခဲ့ ပြန်သည် ။ ထိုမိန်းကလေး ၂ယောက်လုံးကလဲ နိဒါန်း မှ နိဒါန်း ချစ်ကြိုက်ပြီး မိဘတွေသဘာတူတာကို လက်ခံခဲ့တာ ။ ချမ်းသာသော ချောမော သော အရ်ာအချင်းပြည့်ဝသော နိဒါန်းကို မိဘတွေကိုယ်တိုင်က သဘောကျပြီး လက်ထပ်ပေးချင်ခဲ့ ကြတာ ။ သေဆုံးပုံခြင်းကွာခြားပေမယ့် လက်ထပ်ပွဲမတိုင်ခင်မှာပဲ သေဆုံးတာ ကတော့ တူညီသည် ။တ တိယ တစ်ယောက်က တေးနုယဉ် . .  .
တစ်နည်း အားဖြင့် နိဒါန်း ရဲ့  ကျောင်းနေဖတ် ငယ်သူငယ်ချင်း . . . . ငယ်စဉ်ထဲက အတူကြီးပြင်းခဲ့တာမို့  အစထဲက နိဒါန်းကို သဘောကျခဲ့သည့် တေးနုယဉ် က နိဒါန်း သူမ ကိုသဘောကျနေသည် ဆိုတာကို လဲ သတိထားမိသည် ။ ဘေး စကားတွေ ကြားနေခဲ့ပေမယ့် နိဒါန်း နဲ့ ချစ်သူတွေ ဖြစ်ခဲ့သည် ။  မယုံကြည်ဘူး မဖြစ်နိုင်ဘူးဆိုပြီး မိဘတွေကလဲ သမီးဖြစ်သူသဘောကျ နိဒါန်းနဲ့ လက်ထပ်ဖို့ကို သဘောတူညီခဲ့သည် ။
ဒါပေမယ့် ကံတရားက တကယ်ပင် သူတို့ ၂ယောက်ရဲ့ ဘက်မှာ ရှိမနေခဲ့ပါ ။ တိုက်ဆိုင်မူတွေပါဟု ထင်ထားခဲ့ပေမယ့် နိဒါန်းရဲ့ ကြမ္မာဆိုးကို ပြောင်းလဲ ပြစ်နိုင်ခြင်း မရှိခဲ့ဖူး ။ ဘေးစကားတွေကြောင့် နိဒါန်း တေးနုယဉ် ကို သွားတာလာတာက အစ ဂရုစိုက်ခဲ့သည် ။
သူ့ ကံကြမ္မာ က ဒီလို အမြဲဖြစ်မယ်ဟု သူကိုယ်တိုင်လက်မခံနိုင်ခဲ့ ။ ချစ်တဲ့မိန်းကလေးနဲ့ လက်တွဲဖို့ကိုသာ ခေါင်းထဲ ထည့်ခဲ့သည် ။
 တေးနုယဉ်နှင့် လက်ထပ်ဖို့ ၁ ရက် အလိုမှာတော့ နိဒါန်း ရဲ့ ကံကြမ္မာ ဆိုး က သူ့ကို ဆိုးရွှားစွာ ရိုက်ခတ်ခဲ့သည် ။
နိဒါန်း ဆေးရုံကို အပြေးရောက်သွားသည့် အချိန်မှာတော့ ရူးမတက် ငိုကြွေး နေသော တေးနူယဉ် ရဲ့ မိခင်နှင့်အတူ သွေးသံရဲရဲ တေးနုယဉ် ရဲ့ ရုပ်အလောင်းက ဆီးကြိုနေခဲ့သည် ။ နိဒါန်းဆောက်တည် ရာ မရ အရူးအမူး ခံစားခဲ့ရသည် ။ ချစ်သူသေသလို ဘေးပတ်ဝန်းကျင်မှာလဲ သူက မိန်းကလေးတွေအတွက် နတ်ဆိုး ဖြစ်လာခဲ့သည် ။
ထိုအချိန်က စပြီး  'စံမြန်းရာ  ' စံအိမ် မှာ မိန်းမ အလုပ်သမား တစ်ယောက်မျှမရှိတော့ ။  ထမင်းချက် ရေခတ် က အစ ယောင်္ကျား သားများကိုသာ စတင်သုံးစွဲလာခဲ့သည် ။   အပြင်သွားလျှင် Mask တပ်ပြီး လူ သွားလူလာနည်းသည့်နေရာ လူသွားလူလာနည်းသည့် အချိန် များမှာသာ အပြင်ထွက်လေ့ရှိတော့သည် ။

နောက်ဆုံး သူ့ လုပ်ငန်းထဲမှာပင် မိန်းကလေး အလုပ်သမား နိဒါန်းမြင်နိုင်သည့်နေရာမှာ မထားတော့ ။
နိဒ့န်းအလုပ်လာသည့်အချိန်မှာ ခေါင်းဆောင်တစ်ယောက်က  အလုပ်သမားမိန်းကလေးတွေကို  တစ် နေရာ ရှောင်နေဖို့ အမြဲ စေခိုင်းခဲ့ရသည် ။  ထိပ်တိုက်ဆုံလျှင်လဲ  နိဒါန်းက ထိုမိန်းကလေး ဘယ်လောက်တောင်းပန် တောင်းပန် တန်းပြီး အလုပ်ဖြုတ်ခဲ့သည် ။ အမြဲတမ်း Mask တပ်ထားပြီး မာထန်သည့် စကားလုံးတွေကိုသာ အသုံးပြုတော့သည် ။

ယခု နိဒါန်း အသက် ၃၀ နီးပါး ရှိခဲ့ပေမယ့် နောက်ထပ် လက်ထပ်ဖို့ပြောမရခဲ့ သလို ဘယ်မိန်းကလေးနဲ့ မှပတ်သတ် ဆက်နွယ်ခြင်း မရှိတော့ ။ အမြဲတမ်း ခတ်ထန်သည့် လူတစ်ယောက်အဖြစ်နေထိုင်ခဲ့သည် ။
ဒါပေမယ့် နိဒါန်းကို မြင်သည့် မိန်းကလေးတွေက တော့ မပြောင်းလဲပဲ စွဲလမ်းကြစမြဲ ။  နိဒါန်း က လဲ ဘယ် လိုမာယာနဲ့ အနားကပ်လာသည့် မိန်းကလေးကို မဆို မျက်လုံးပင် ပင့်မကြည့်တက် ။  ရိုင်းဆိုင်းခတ်ထန်စွာပဲ ဆက်ဆံခဲ့သည် ။ အဝေးထွက်သွားဖို့မောင်းထုပ်တက်သည် ။ အရင်က အကြောင်းအရာတွေကို မသိ သည့် လူ အချို့ကတော့ နိဒါန်းကို မိန်းမ မုန်းတီးသူတစ်ယောက်အဖြစ် ထင်မြင် ခဲ့သည် ။ အချိန်ကြာလာတော့ အတိတ်က အကြောင်းတွေ လူတွေ မေ့ပျောက်စ ပြုလာသလို လူပြော မများတော့တာကြောင့်လဲပါတာပေါ့ ။ ဒါပေမယ့် နိဒါန်း ရဲ့ ဘဝမှာတော့ ဖျတ်လို့မရသည့် အမဲစက်တစ်ခု စွန်းထင်းသွားခဲ့ ပြီဖြစ်သည် ။ ဘယ်သူတွေ ဘယ်လို မေ့ပျောက်နိုင်ခဲ့ပေမယ့်  အကြောင်းအရာ တစ်ခု ကို မျှ မေ့ပျောက်လို့မရသလို သူ့ကိုသူ အပြစ်တင် လျှက် ရှင်သန်နေခဲ့သည်သာ ။ အမြဲတမ်း ပြုံးနေတက်ပြီး ချောမောသည့် မျက်နှာတစ်ခု ယခုတော့ မ မြင်ခဲ့ရတာပင်ကြာခဲ့ပြီ  ။ နေ့ရက်တိုင်းကတွေးမိတိုင်း  နာကျင်မူဖြင် ရှင်သန်ခဲ့ရသည့် လူတစ်ယောက်  အပြုံးတု တစ်ခု လွယ်လွယ် မဖန်တီးနိုင်တာကို အပြစ်လို့တော့မဆိုနိုင် ။

အတိတ်က အကြောင်းတွေကို စဉ်းစားရင်း နိဒါန်း စံအိမ်ကို ပြန်ရောက်မှန်းမသိ ရောက်လာခဲ့သည် ။
စံအိမ် ရှေ့ ရောက်တော့ အလှစိုက်ထားသည့် ပန်းတွေရှေ့ မှာ နောက်ခိုင်း အနေအထား မိန်းကလေးတစ်ယောက် ပန်းကိုချိုးယူဖို့ကြိုးစားနေသည်ကို မြင်လိုက်ရသည် ။

''ဟိတ် ရပ်လိုက်စမ်း. . . .

''ဟင်. . . .

ပန်း ကိုင်း ကို ချိုး ယူမလို့ ဖိဆုပ်ထားသည့်လက် အရှိန်လျှော့ကျသွားတာကို လှမ်းကြည့်  ၍  ကားကို ရပ်ပစ်လိုက် ၏ ။

 ပန်းတွေ သစ်ပင်တွေ စိုက်ထားရခြင်း အကြောင်းက အထဲကို အလွယ်တကူ မမြင်ရစေလို ၍ဖြစ်သည် ။ ပန်းပေါင်းစုံ သလို  ပန်းရုံကို စည်းရိုးနှင့် စနစ်တကျ တွဲ ထားတာမို့ အထဲကို ထွင်းဖောက်မမြင်ရ။ တစ်ခုတစ်လေ ထိုးထွက်နေတာကလွဲလို့ လှလှ ပ ပ သပ်သပ်ရပ်ရပ် ။

ကောင်မလေးက  နိဒါန်းအော်လိုက်တာကြောင့် လှည့်လာသော မျက်နှာလေးက ဆံပင်  ဂုပ်ဝဲလေးနှင့် အသားဖြူဖြူ ခပ်သွယ်သွယ် ကောင်မလေး ။မျက်လုံးလေးတွေက အစ ဖြူစင်ပြီး ချစ်စရာအတိ ။ အသက်အားဖြင့် ၁၆  ၁၇ လောက်သာရှိမည် ။

ကောင်မလေး တစ်ကိုယ်လုံးကို ကြည့်ရင်း နိဒါန်း တပ်ထားသည့် နေကာမျက်မှန်ကို ချွတ်လိုက်သည် ။ Mask ကတော့ တပ်ထားဆဲ ။ သူ့မျက်နှာကို  ထို ကောင်မလေး သေချာမြင်ရမည်တော့မဟုတ် ။
ကောင်မလေးက  ပန်းကို ချိုးမည့်လက်အား သတိပင်မထားတော့ပဲ  နိဒါန်းကိုသာ ငေးစိုက်ကြည့်နေသည် ။

 ပါးလျသော နူတ်ခမ်း ၂လွှာတို့ကို တင်းတင်းစေ့ပြီး ကြည့်နေပုံက  အပြစ်လုပ်ထားမိသဖြင့် ကြောက်ရွှံသွားဟန် နည်းနည်းမျှမရှိ ။

နိဒါန်း မျက်မှောင်ကျူံ  မလိုလားသောမျက်ဝန်းများနှင့် ကြည့်ပြီး. . .

''ဘာရပ်လုပ်နေတာလဲ. . . . မင်း ဘယ်သူလဲ. . . . .

''သံစဉ်. . . .

''ဘာ . . . .

နိဒါန်းရဲ့  'ဘာ ' ဆိုသည့် မာထန်သည့် စကားသံရဲ့နောက်မှာ. . . .

''သံစဉ် နာမည်က ခွန်းသံစဉ်ချို. . . .

''ဘယ်သူက သိချင်လို့လဲ. . . .

''ဦး ပဲ စောစောက မေးပြီးတော့. . . .

နိဒါန်းက သူ့ကို  ခပ်ရဲရဲ မ မှိတ်မသုန်ကြည့်ပြီး ဖြေနေသည့်  ထိုကောင်မလေးကို ပြန်ကြည့်မိသည် ။ ဘယ်အရာကိုမှ မကြောက်ရွှံတက်သလို  ဂရုမစိုက်တက်သည့်ပုံစံ အလိုလိုက်ခံထားရသည့် မိန်းကလေးမှန်း သိလိုက်သည် ။

''မင်း အဲ့ ဒီ ပန်းကို ချိုး လိုက်တော့ ဘာ အကျိုးရှိသွားလဲ. . , , . စည်း မရှိ ကမ်းမရှိ. . . . .

သံစဉ်က မျက်တောင့် ကော့ ကော့လေးတွေကို တစ်ချက်မခတ်ပဲကြည့်နေရင်း. . . . .

''သံစဉ် စည်းကမ်းမရှိဘူးဆိုတာ ဦး က ဘယ်လိုလုပ်သိတာလဲ. . . . 

''ဘာ . . . .

နောက်ထပ် ဘာသံက တိုက်ရိုက်စော်ကားခံလိုက်ရတာကြောင့် တုန်ခါထွက်ပေါ်လာသည် ။ 
ခွန်းသံစဉ်ချို ဆိုသည့် သူမကတော့ ပြောင်းလဲ တုန်လူပ်သွားဟန် တစ်ခုမှမရှိ. . . . . .

''ဦး က လဲ ဘလိုင်းကြီး စိတ်တိုနေတာပဲ. . . . .

''မင်း ထွက်သွားစမ်း. . . .

သံစဉ်က လက် ၂ဖက်ကို အပေါ် မြောက် ပုခုံးတွန့်လိုက်ပြီး. . . . . .

''သံစဉ် က လမ်းပေါ်မှာ ရပ်နေတာ မရဘူးလား. . . .

ထို အမေးစကားကြောင့်  နိဒါန်း စူးကနဲ ပြန်ကြည့်လိုက်ပြန်သည် ။ ထိုအခါ  သံစဉ် ဟု သူမကိုသူမပြောနေသည့်ကောင်မလေးက နောက်ကို ခြေ တစ်လှမ်း ဆုပ်သွားပြီး. . . 

'' ခု ဆို ရပြီလား ဒါက သံစဉ် တို့ ခြံရှေ့ ဖြစ်သွားပြီ . . . .
ဦး တို့ ခြံ ရှေ့ မရပ်တော့ ဘူး . . . . 

နိဒါန်း နူတ်ခမ်း မဲ့ ခနဲ ဖြစ်သွားသလို မျက်ခုံးကလဲ တွန့်ကျသွားသည် ။

''တောက်. . . . . .

တောက်တစ်ချက်ကို ခေါက်ပြီး ကားမှန်ကိုပြန်တင်လျှက် စံအိမ် ထဲကားကို မောင်းဝင်သွားလိုက်တော့သည် ။ ထိုအရာကို နေရာမှ မရပ်ပဲမလူပ်မယှက်ငေးကြည့်နေမိသူက ခွန်းသံစဉ်ချို  ။

''ဒီလူက ဘာလဲဟ ကြီးကျယ်လိုက်တာ. . . . .

နူတ်ခမ်းလူပ်ရုံ ပြောပြီး မျက်လုံးက တင်ထားသည့်ဆိုင်းဘုတ်ကို မီးရောင်အောက်မှာမော့ဖတ်လိုက်သည် ။

''စံမြန်းရာ စံအိမ်. . . . . . .

အပိုင်း ( ၂)သို့ဆက်ရန်

အားပေးပါဦးနော်
ပြီးတော့ အဆင်ပြေလား ဝေဖန်ပေးပါဦး
အားပေးသူ စာဖတ်ပရိတ်သတ်ရှိရင်ဆက်ရေးပါ့မယ်
","size":"31MB"} ]}

No comments:

Post a Comment